Main menu

ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

Powered by Drupal

   ပွင့်လင်းရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ် ဘားအံမြို့ ဒေသထွက် ကြက်ဟင်းခါး သီးဈေးနှုန်း အနည်းငယ်ကျနေသော်လည်း ဈေးကွက်အတွင်းပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

          အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ယခင်လက ကြက်ဟင်းခါးသီးအထောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အထောင့်သေး တစ်ပိဿာလျှင်(၁၈၀၀/၂၀၀၀) ကျပ်ဖြင့် လည်းကောင်း ယခုအခါတွင် ကြက်ဟင်းခါးသီးအတောင့်ရှည် ဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေး တစ်ပိဿာလျှင်(၃၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလနှင့်အောက်တိုဘာလ ဒုတိယ အပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်း ငယ်တက်နေသည်ကို တွေ့ရှိရပြီး ယခုလို ကြက်ဟင်းခါးသီး ဈေးနှုန်းအနည်းငယ်တက်နေရခြင်းမှာ  အနည်းငယ်တက်ရခြင်းမှာ မိုးရာသီးကုန်ချိန်နှင့်ဆောင်းရာသီးအစပ်ကာလဖြစ်၍ စိုက်ခင်းမှသီးနှံများ အထွက်နှုန်းနည်းပလာခြင်း၊ သယ်ယူစရိတ်များခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။   

DOCA(ကရင်)