Main menu

ကျွန်းလှမြို့တွင် ဈေးမြင့်တက်လာသော ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် ဈေးနှုန်း

Powered by Drupal

      သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ် လျက်ရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ အကြီးတစ်ပွင့် လျှင်(၃၀၀၀)ကျပ် နှင့် အသေးတစ်ပွင့်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂေါ်ဖီထုတ်အကြီးတစ်ထုတ်လျှင်(၃၀၀၀/ ၃၅၀၀) ကျပ်၊ အသေးတစ်ထုတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

DOCA (စစ်ကိုင်း)