Main menu

မုံရွာမြို့ရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

Powered by Drupal

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၂၀၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)