Main menu

ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ မြှင့်တက်လျက်ရှိ

Powered by Drupal

      ကယားပြည်နယ်တွင် ဆန်/စပါးသည် အဓိကစိုက်ပျိုးသောသီးနှံ တစ်မျိုးဖြစ်ပြီး ပြည်နယ်တွင်း ထွက်ရှိသောဆန်များကို အခြားဒေသများသို့ တင်ပို့ခြင်း အခြားဒေသများမှ ဆန်များကို တင်သွင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုအောက်တိုဘာလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ရှိပြီး အခြားဒေသမှ ဆန် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၆၉၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၅၂၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၊ ယခင်စက်တင်ဘာလ ပထမပတ်တွင် ဒေသဆန် တရုတ်မွှေး တစ်အိတ်လျှင် (၄၂၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၆၅၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၃၈၀၀၀) ကျပ်ခန့် ရှိခဲ့ပြီး ယခင်စက်တင်ဘာလ ပထမပတ်နှင့် ယခု အောက်တိုဘာလ ပထမပတ် နှိုင်းယှဉ်လျှင် တရုတ်မွှေး တစ်အိတ်လျှင် (၂၃၀၀၀) ကျပ်၊ ရွှေရင်အေး (၁) တစ်အိတ်လျှင် (၂၂၀၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၇၀၀၀)ကျပ်၊ ပေါ်ဆန်းကျော် တစ်အိတ်လျှင် (၄၀၀၀) ကျပ်၊ ဧရာမင်း တစ်အိတ်လျှင် (၈၀၀၀) ကျပ်၊ ဇီယာတစ်အိတ်လျှင် (၁၄၅၀၀) ကျပ်ခန့်ဈေးနှုန်းမြှင့် တက်လျက်ရှိ ကြောင်း၊ ဈေးနှုန်းမြှင့် တက်လာရခြင်းမှာ စိုက်ပျိုးထွက်ရှိရာ ဒေသများတွင် စိုက်ပျိုးထွက်ရှိမှု ကျဆင်းလာခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုရှိခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။

DOCA(ကယား)