Main menu

ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်း အမှတ် အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပါသည်။

ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့်  ဝန်ထမ်း များသည် ပခုက္ကူမြို့ အမှတ်(၁၅)ရပ်ကွက်နှင့် လယ်ယာကျေးရွာရှိ ကိတ်မုန့်လုပ်ငန်းများ၊ အမှတ် (၈/၁၁)ရပ်ကွက်ရှိ စားသုံးဆီလုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံအနေဖြင့် အနောက်ပိုင်းရပ်ကွက်ရှိ သောက်ရေသန့်နှင့် စားသုံးဆီရောင်းချသည့် လုပ်ငန်းရှင်များထံသို့ လည်း ကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံသို့လည်းကောင်း စုစုပေါင်း ပခုက္ကူခရိုင်(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၁)ကြိမ် ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)