
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့် အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း ခရိုင်ဦးစီးမှူးက ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ပခုက္ကူမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် ပခုက္ကူခရိုင်ရုံး၌ မိဘ ပြည်သူများအားလည်းကောင်း၊ အမှတ်(၄)၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း၌ဆရာ /ဆရာမနှင့် ကျောင်းသား/သူများအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ ရွာသစ်ကျေးရွာရှိ ဓမ္မစကူးကျောင်းနှင့် ရေလယ်ကျွန်းကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ များအားလည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ် တာဝန်ခံမှ မြောက်ကုန်းရပ်ကွက်နှင့် ပြည့်ဝကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း စုစုပေါင်း ပခုက္ကူခရိုင်(၅)ကြိမ်နှင့် ဂန့်ဂေါခရိုင်(၂)ကြိမ် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
