
၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် တိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနတို့ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် မုံရွာမြို့ သလ္လာမွန်နှင့်ရွှေနှင်းဆီ စားသောက်ကုန် လုပ်ငန်းများအား ( GMP ) ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် “သလ္လာမွန်နှင့်ရွှေနှင်းဆီ” စားသောက်ကုန်လုပ်ငန်းစက်ရုံ၏ အစားအသောက်ထုတ်လုပ်မှုအခြေအနေအား ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)နှင့်အညီ ထုတ်လုပ်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
