
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေ သကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများကို မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အရခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများကဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် စက်တင်ဘာလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် စည်သွပ် အစားအစာအမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့် သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များ တွင် ရောင်းချလျက်ရှိသောကုန်စုံဆိုင်နှင့် စတိုးဆိုင်များတွင်(၂)ကြိမ်၊ အ.ထ.က(၄)နှင့် အ.မ.က(၄) ကျောင်းမုန့် ဈေးတန်းများတွင်(၂)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းနှင့် ရွာသစ်ရပ်ကွက်တွင် စည်သွပ်အစားအစာ အမျိုးမျိုး အား(၁)ကြိမ်၊ အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီဆိုင်တွင်(၁)ကြိမ်၊ ဂန့်ဂေါ မြို့မဈေးရှိ ကုန်စုံ ဆိုင်များတွင်(၁)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် များ ထံသို့ ကွင်းဆင်းဆောင်ရွက် ခြင်းအား ပခုက္ကူမြို့မှ (၁)ကြိမ်၊ဆိပ်ဖြူမြို့မှ(၁)ကြိမ်၊ “DUMEX DUPRO” အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ဈေးကွက်အတွင်းရောင်းချခြင်းရှိ/မရှိအား ပခုက္ကူမြို့ တွင်(၁)ကြိမ်၊ ဆိပ်ဖြူမြို့တွင်(၁)ကြိမ် စုစုပေါင်း ဈေး၊ စက်ရုံအလုပ်ရုံ၊ ကျောင်းမုန့်ဈေးတန်း၊ ရပ်ကွက်ကုန်စုံဆိုင်၊ ဆေးဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁၂)ကြိမ်၊ အထူး ဈေးကွက်အနေဖြင့် စားသုံးဆီ၊စက်သုံးဆီနှင့်ဆေးဝါးများအား သတ်မှတ် ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပါ သည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆိပ်ဖြူမြို့နှင့် ရေစကြိုမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်း စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ သိရှိစေရန် အသိပညာပေးခြင်း၊ ရေစကြိုနှင့် အနောက်ချောက်ကန်မှ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူး ရုံးသို့ ခေါ်ယူတွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်စဉ်က ကုန်စည်များ ကိုသာရောင်းချခြင်း ရှိ/မရှိနှင့် အွန်လိုင်းမှတ်ပုံတင် လက်မှတ်ရရှိသူများ၏ တာဝန်များ အကြောင်း အား အသိပညာပေးခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ (အင်တာနက် ဝန်ဆောင်မှု) ကဏ္ဍစုံအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်း၍ (အင်တာနက် ဝန်ဆောင်မှု) လုပ်ငန်းများ ဆောင်ရွက်သည့် ဆိုင်များသို့သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာ ပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
