Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

      အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၉.၉.၂၀၂၂)နှင့် ယခုအပတ် (၅.၁၀.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၇၀၀၀ဝိ/-) ယခုအပတ်(၂၅၅၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးလျော့၊ နှမ်းနီ ယခင်အပတ် (၂၅၀၀၀ဝိ/-)ယခုအပတ် (၂၄၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးလျော့၊နှမ်းနက်(စမုံ) ယခင်အပတ် (၃၀၅၀၀ဝိ/-)ယခုအပတ် (၂၈၅၀၀ဝိ/-)ဖြစ်၍ (၂၀၀၀ဝိ/-)ဈေးလျော့၊ နှမ်းပြာယခင်အပတ်(၂၅၅၀၀ဝိ/-)ယခုအပတ်(၂၃၅၀၀ဝိ/) ဖြစ်၍ (၂၀၀၀ဝိ/-)အသီးသီးဈေးလျော့ခဲ့ကြောင်း သိရှိရပါသည်။

       ပဲမျိုးစုံစျေးကွက်တွင်  ကုလားပဲ(H L)နှင့် ကုလားပဲမြကြေး (၂၀)ပိဿာ တစ်တင်းလျှင် ယခင်အပတ် (၆၁၀၀ဝိ/-) ယခုအပတ် (၆၁၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ ပဲတီစိမ်း ယခင်အပတ်(၅၀၀၀ဝိ/-)ယခုအပတ်(၄၈၀၀ဝိ/-)ဖြစ်၍(၂၀၀ဝိ/-)ဈေးလျော့၊ ပဲစဉ်းငုံ(နီ)ယခင်အပတ် (၆၆၅၀ဝိ/-) ယခုအပတ် (၆၂၀၀ဝိ/-) ဖြစ်၍ (၄၅၀ဝိ/-)ဈေးလျော့ ၊ ပဲကြီး ယခင်အပတ်(၈၀၀၀ဝိ/-) ယခုအပတ်(၇၈၀၀ဝိ/-) ဖြစ်၍(၂၀၀ဝိ/-) ဈေးလျော့၊ မတ်ပဲ ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၅၉၀၀ဝိ/-) ဖြစ်၍ (၅၀၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခင်အပတ်(၅၅၀ဝိ/-) ယခုအပတ် (၅၃၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၅၆၀ဝိ/-) ယခု  အပတ် (၅၄၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးလျော့၊ မြေပဲတောင့်(စို) တစ်တင်း ယခင်အပတ်(၂၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့ပြီး အရောင်းအဝယ်ပမာဏ အနေဖြင့် နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ(၁၁၅)အိတ်၊ နှမ်းပြာ(၄၈၀)အိတ်၊ နှမ်းနက်(စမုံ)(၂၅၀၀)အိတ်၊ ပဲတီစိမ်း(၁၀၀)အိတ်၊  ပဲစဉ်းငုံနီ (၅၅၀)အိတ်၊ မတ်ပဲ(၂၂၀)အိတ်၊ ကုလားပဲ(H L) (၃၂၀)အိတ်၊ ကုလားပဲ(မြကြေး) (၂၈၀)အိတ်၊ ပဲကြီး(၄၅၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၁၃၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၆၀၀)အိတ်နှင့် မြေပဲတောင့်(အစို)(၅၅၀၀)တင်းတို့ အရောင်း၏အဝယ် ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)