
၆.၁၀.၂၀၂၅ ရက်နေ့တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်ရင်ပြင်၌ ဆီမီး ၉၀၀၀ ကပ်လှူထွန်းညှိ ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မြို့နယ်သြဝါဒါစရိယ ဆရာတော် (၁၃) ပါးထံမှ ဧည့်ပရိသတ်အပေါင်းက သီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြင့် ဓမ္မဒူတ ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လမှ မဟာပဋ္ဌာန်းအမွှမ်းနှင့် ဘုရားပင့်ဂါထာအား ရွတ်ဖတ်ပူဇော်၍ ဆရာတော် သံဃာတော်များနှင့်အတူ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး မိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့သူမြို့သားများက ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် သြဝါဒါစရိယ ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေကာ မြန်မာ့ရိုးရာအစဥ်အလာအရ မီးပုံး ပျံများ လွှတ်တင်ပူဇော်ကြကြောင်း သိရသည်။
DOCA (မွန်)
