Main menu

စားအုန်းဆီများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးကွင်းဆင်းဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပြည်သူများအား၊ ဖြန့်ဝေနေသော စားသုံးဆီခွဲတမ်းအရ လက်လီ/လက်ကားဆိုင်များသို့ ဈေးနှုန်းမြှင့်တင်စွာ ရောင်းချခြင်းမရှိစေရေး စာအုပ် စနစ်ဖြင့် ပြည်သူများလက်ဝယ်အရောက် အပြည့်အဝရရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ လမ်းညွှန်ထား သော မှန်(၆)မှန်နှင့်အညီ ရောင်းချပေးစေရေး ဗီနိူင်းများဖြင့် ချိတ်ဆွဲရောင်းချရန် (၁၇-၈-၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

            အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ခွဲတမ်းရစားအုန်းဆီများ အား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိစေ‌ရေး၊ အမှန်တကယ်ရောင်းချနေမှုအခြေအနေ၊ ဝယ်ယူမှု အခြေအနေ၊ စီးဆင်းမှုလမ်းကြောင်း၊ ဘူးသွပ်ဆီများရောင်းချနေသော ဆီအမျိုးအစားနှင့်၊ ဈေးနှုန်း အခြေ အနေများ ပြန်ရောင်းဈေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများနှင့် တရားမဝင်ဘူးသွပ်ဆီများ ရောင်းချမှု မဖြစ်ပေါ်စေရး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)