Main menu

မကွေးမြို့၊ မင်္ဂလာစျေး၌ အခြေခံစားကုန်ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများ စျေးနှုန်း သက်သာစွာရောင်းချခြင်း

Powered by Drupal

      (၃.၁၀.၂၀၂၂ )ရက်နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးအပြင်ဘက်တန်း၌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားကုန်များဖြစ်သော ဆန်တစ်ပြည်(၁၅၀၀ိ/-)ကျပ်၊ အမဲဘူးတစ်ဘူး(၆၂၀၀ိ/-)ကျပ်၊ ကြက် အာလူး တစ်ဘူး(၄၀၅၀ိ/-)ကျပ်၊ ငါးပိတစ်ဘူး(၅၅၀ိ/-)ကျပ်၊ ပဲထောပတ်တစ်ဘူး(၂၄၅၀ိ/-)၊ ဆား တစ်ထုပ် (၁၀၀ိ/-)ကျပ် ၊ ကြက်ဥတစ်လုံး(၁၅၀ိ/-)ကျပ်၊ ချဉ်ပေါင်ရွက်(၃)စီး(၁၀၀ိ/-)ကျပ်၊ ခရမ်းချဉ်သီး (၅၀ိ/-)သား (၁၀၀၀ိ/-)ကျပ်နှင့် ဂေါ်ဖီတစ်ထုပ်(၁၁၀၀ိ/-)ကျပ်နှုန်းများဖြင့် ရောင်းချခဲ့ကြောင်းနှင့် ကုမ္ပဏီများမှ ဖြန့်ဖြူး ရောင်းချသော စားသုံးဆီများအား မကွေးမြို့၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ(၄၉၀၀ိ/-)ကျပ် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြင့် စျေးကား(၂)စီး စားအုန်းဆီ (၁၃၂၀ိ/-)ပိဿာ ရောင်းချခဲ့ပါသည်။

      ထိုအခြေခံစားကုန် ဟင်းသီးဟင်းရွက်အမယ်စုံနှင့် စားအုန်းဆီရောင်းချနေမှုအား စားသုံးသူ ရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ခရိုင်ရုံး ဝန်ထမ်းများမှ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)