Main menu

မကွေးမြို့၌ စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာ

Powered by Drupal

          စက်သုံးဆီ တင်သွင်း/ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စက်သုံးဆီ လက်ကားရည်ညွှန်းစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိရာ မကွေးတိုင်း‌‌ဒေသကြီးအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ဆီရောင်းချမှု၊ ဆီဘောင်ကား ရောက်ရှိမှုအခြေအနေများကို သက်ဆိုင်ရာဌာနများမှ ကြပ်မတ်စိစစ်ဆောင်ရွက်လျက် ရှိပါသည်။

          မကွေးမြို့နယ်တွင် စက်သုံးဆီဆိုင်(၂၁)ဆိုင်ရှိပြီး ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း စက်သုံးဆီစျေးနှုန်းများမှာ 92 တစ်လီတာ(၂၁၃၅)ကျပ်၊ 95 တစ်လီတာ(၂၂၁၀)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ(၂၅၇၀)နှင့် ပရီမီယမ် ဒီဇယ်တစ်လီတာ(၂၆၅၅)ကျပ်နှုန်း ဖြင့် ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၊ ပထမပတ်အတွင်း 92 တစ်လီတာ(၁၉၇၅) ကျပ်ဖြစ်၍(၁၆၀)ကျပ် စျေးကျလာ၊ 95 တစ်လီတာ (၂၀၄၀)ဖြစ်၍ (၁၇၀)ကျပ် စျေးကျလာ၊ ဒီဇယ်ရိုးရိုး တစ်လီတာ(၂၄၈၅)ကျပ်ဖြစ်၍ (၈၅)ကျပ် ကျဆင်းလာပြီး  ၊ ပရီမီယမ်တစ်လီတာ (၂၅၅၅)ကျပ် ဖြစ်၍ (၁၀၀)ကျပ် အသီးသီးစျေးကျလာကြောင်း သိရှိရပြီး စက်သုံးဆီ များ ဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများမှ ကြီးကြပ်လျက်ရှိပါသည်။

DOCA(မကွေး)