Main menu

ညောင်ဦးမြို့နယ်၏ မြရွှေစင်ဆန်လက်လီလက်ကားအရောင်းဆိုင်သို့ သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊‌ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က ဦးဆောင်၍ ညောင်ဦးမြို့နယ် မဏိစည်သူဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော မြရွှေစင် ဆန်ဆိုင်သို့ (၂၅-၉-၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြရွှေစင်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ (၂၄) ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ မနောသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၈၃၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၇၃၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ မြရွှေစင်ဆန်ဆိုင် ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများမပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်း ပြည့်ပါက MyRO တွင် ဆက်လက်မှတ်ပုံတင်သက်တမ်းတိုးသွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)