Main menu

ထောပတ်သီးများ ဈေးကောင်းရရှိလျက်ရှိ

Powered by Drupal

   ရှမ်းပြည်နယ်‌(တောင်ကြီး) မြို့တွင် ထောပတ်သီးများ စတင်ထွက်ပေါ်လျက်ရှိပြီး  ၅ ရက်တစ်ဈေး ဖြစ်သည့် ဒေသဈေးနေ့များတွင် ဒေသသီးများကို ကြီး/ငယ် အရွယ်အစား ပေါ်မူတည်၍ ကျပ်( ၅၀ဝိ/-၇၀ဝိ/) ခန့် မှ (၁၀၀၀-၁၅၀၀)   ကျပ်အတွင်း၌ လည်းကောင်း ၊  လူကြိုက်များသော Hass ထောပတ်သီး အနေဖြင့်  တစ်ကီလို ကျပ် (၂၀၀ဝိ-၂၅၀ဝိ-၃၀၀ဝိ) ကျပ်များအတွင်း၌လည်းကောင်း အသီးသီးဈေးကွက်ပေါက်ဈေးရှိနေကြောင်း စုံစမ်းသိရှိရပါသည်။

    သီတင်းကျွတ် အခါကာလရောက်ရှိရန် နီးကပ်လာပြီ ဖြစ်သောကြောင့် လူကြီး မိဘများကန်တော့ရန်အတွက် ဈေးကွက်အတွင်း ထောပတ်သီးဝယ်လိုအားများပြားလျက် ရှိပြီး ထောပတ်သီးရောင်းချသူများအနေဖြင့်လည်း အသီးလှလှများ ပိုမိုဈေးကောင်း ရရှိ နေကြောင်းလည်း သိရှိရပါသည်။

DOCA(ရှမ်း)