Main menu

တောင်တွင်းကြီးမြို့ကုန်စည်ဒိုင်၌ နှမ်းစျေးကျဆင်းလာ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တောင်တွင်းကြီးမြို့၊ ကုန်စည်ဒိုင်မှ အောက်တိုဘာလ (၄) ရက်နေ့တွင် စမုံနှမ်းနက်(၁၅)ပိဿာ တစ်တင်းလျှင် ကျပ်(၉၅၀၀၀ိ/-)၊ ရိုးရိုး နှမ်းပြာ(၁၅)ပိဿာ တစ်တင်းလျှင် ကျပ်(၈၀၀၀၀ိ/-)၊ နှမ်းနီ(၁၅)ပိဿာ တစ်တင်းလျှင် ကျပ်(၈၁၆၀၀ိ/-)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

        ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း စမုံနှမ်းနက် တစ်တင်းလျှင် ကျပ်(၁၁၆၀၀ိ/-)၊ ရိုးရိုးနှမ်းပြာ တစ်တင်းလျှင် ကျပ်(၅၀၀၀ိ/-)၊ နှမ်းနီ တစ်တင်းလျှင် ကျပ်(၄၀၀၀ိ/-)စျေး ကျဆင်းလျက်ရှိ ပြီး တစ်ရက်လျှင် နှမ်းမျိုးစုံ တစ်တင်းခွဲအိတ်(၁၅၀၀ိ/-)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရပါသည်။

DOCA(မကွေး)