Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံ

Powered by Drupal

             ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံ နှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသော ကြောင့် ကုလားပဲဆံ တစ်ပြည်လျှင်(၁၀၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)