
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာလ(၁)ရက် နေ့မှ အောက်တိုဘာလ(၈)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက် ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် 10၀၀ မှ 25၀၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် 20၀၀ မှ 35၀၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် 60၀၀ မှ 70၀၀ အတွင်း၊ မုန့်လာဉနီ(ပိဿာ) ကျပ် 120၀၀ မှ 150၀၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ ဗူးသီး(လုံး) ကျပ် 10၀၀ မှ 20၀၀ အတွင်း၊ မုန်ညှင်း(ထုပ်)(ပိဿာ)ကျပ် 250၀ မှ 35၀၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် 11၀၀ မှ 160၀ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)(ပိဿာ)ကျပ် 5၀0၀ မှ 70၀၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် 130၀၀ မှ 140၀၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် 30၀၀ မှ 50၀၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် 30၀ မှ 50၀ အတွင်း၊ ချဉ်ပေါင်ရွက်(စီး) ကျပ် 10၀ မှ 20၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် 15၀၀ မှ 20၀၀ အတွင်း၊ သံပရာသီး(လုံး)ကျပ် 5၀ မှ 15၀ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် 18၀၀ မှ 25၀၀ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် 15၀၀ မှ 60၀၀ အတွင်းဖြစ်ကြောင်း သိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပုရာသီးအလုံးပေါင်း (1877050)ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) (70855) ကျော်၊ ဗူးသီးအလုံးပေါင်း (27110)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(14767)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (141950)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (72150)ကျော်၊ မုန်ညှင်းထုပ် (ပိဿာ)ပေါင်း (20980) ကျော်၊ ဖရဲသီးလုံးပေါင်း(49583)ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
