Main menu

မြင်းခြံမြို့ရှိ ဦးသိန်း-ဒေါ်တင်ဝိုင်းဆန်ဆိုင်၌ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်ဆန်များရောင်းချမှုရှိ/ မရှိကွင်းဆင်းခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်ရုံးမှဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)  ဦးဆောင်၍ ၄၅ လမ်းပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချသော ဦးသိန်း-ဒေါ်တင်ဝိုင်း ဆန် အရောင်းဆိုင်သို့ ၂၆.၉.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 

           ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်လက်လီ/ လက်ကားအရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄) ပြည် တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ၇၄၇ဆန် (၂၄) ပြည်တစ်အိတ် လျှင်(၈၀၀၀၀)ကျပ်၊ ရက်(၉၀)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် မနောသုခဆန် (၂၄)ပြည်တစ်အိတ်လျှင်(၇၉၀၀၀) ကျပ် သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ ဦးသိန်း+ဒေါ်တင်ဝိုင်း ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံ တင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)