
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ် များတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊မိုးချည်မျှင်ရှည်ဝါများ ပန်းတိုင်အတွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက် လျက်ရှိရာကျောက်ဆည်မြို့နယ်တွင်(၁၁၅၉၇)ဧက၊မြစ်သားမြို့နယ်တွင်(၁၀၆၇၂)ဧက စိုက်ပျိုးထား ရှိပြီးယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိသောကြောင့် ကျောက်ဆည်မြို့နယ်၊မှိုင်းပန်ကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊မှိုင်းပန်၊ကလေး၊ရှမ်းတောင်ဦး၊ရဲယမန်းရွာ၊ တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ တွင်လည်းအများဆုံးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ရွှေတောင်(၈)၊ရွှေတောင်(၁၀)နှင့် B-31 မျိုးများ စိုက်ပျိုးထားကြောင်း သိရှိရပါသည် ။ မြစ်သားမြို့နယ်အနေဖြင့် မိုးချည်မျှင်ရှည်ဝါ မျိုးအနေဖြင့် ရာကာ 666 မျိုးကိုစိုက်ပျိုးရန် ဆန္ဒရှိသော်လည်း ဝယ်ယူစိုက်ပျိုးရန် အခက်အခဲရှိပါသဖြင့် တောင်သူ များအချင်းချင်းမျိုးခံ၍ မျိုးထုပ်စိုက်ပျိုးမှုများလည်းရှိပါကြောင်း၊ ရွှေတောင်(၈)၊ရွှေတောင်(၁၀)မျိုး များကိုစိုက်ပျိုးကြကြောင်း၊ခန္တီးကြီးကျေးရွာမှ ဝါစိုက်တောင်သူတစ်ဦး၏ ပြေပြချက်အရ အထွက်နှုန်း (၁)ဧက ပိဿာ(၈၀၀-၁၀၀၀)အထိထွက်ရှိကြောင်း၊သွင်းအားစုနှင့်အပြုအစုကောင်းရန်၊ပိုးသတ်ဆေးနှင့်ရေသွင်းရေထုတ်စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ယခုနှစ်အနေဖြင့်ဝါစျေးနှုန်း(၄၀၀၀-၄၂၀၀) ကျပ် ရရှိသဖြင့် တွက်ခြေကိုက်မှုရှိပါကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
