
တစ်နှစ်တွင် တစ်ခါသာ ပေါ်လေ့ရှိသည့် ရာသီစာမှိုဉနက်သည် မိုးရာသီကုန်ပြီး ဆောင်းရာသီ စတင်ဝင်သည့်အချိန်တွင် မှိုများပေါက်ရောက်ကြောင်း၊ အချို့သောသူများမှာ မှိုပေါက်သည့် အချိန် ကို မိမိတို့အမှတ်အသားများဖြင့် မှတ်သားထားကြောင်း၊ သစ်ပင်၏ အပင်ခြေရင်းများရှိ သစ်ရွက် ခြောက်/သစ်ရွက်ဆွေးများတွင်လည်းကောင်း၊ မြေလွတ်/မြေရိုင်းများတွင်လည်းကောင်း၊ မိမိတို့ နေ ထိုင်သည့် ခြံဝင်းများဘေးပတ်လည်ရှိ ခြံစည်းရိုးများတွင်လည်းကောင်း သဘာဝအလျောက် နေရာ အနှံအပြား ပေါက်ရောက်လျက်ရှိပါသည်။
ယခုနှစ်သည် မိုးများစွာ ရွာသွန်းသော်လည်း မှိုများမှာ ပုံမှန်ထွက်ရှိပြီး မှိုများ အများအပြားပေါက်ကြောင်း ၊ ရာသီစာ မှိုဉနက်ရှာဖွေရာတွင် နှစ်ယောက်ခြင်း (သို့မဟုတ်) အဖွဲ့ လိုက်ရှာဖွေကြကြောင်း၊ ရရှိလာသည့် မှိုများကို မြေကြီးများပြောင်အောင် ဓားဖြင့်ခြစ်ပြီး သန့်ရှင်းအောင်ပြုလုပ်၍ ရောင်းပန်းလှအောင် ရောင်းချရကြောင်း၊ မှိုဉနက်များကို အိမ်တွင် စားသုံးခြင်း၊ မိတ်ဆွေများကို လက်ဆောင်ပေးခြင်းများ ပြုလုပ်ကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော မှိုဉနက်ဈေးနှုန်းများမှာ အရွယ်အစားအပေါ်မူတည်၍ မှိုအဖူးအငုံ(၁)ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်နှင့် မှိုအပွင့်(၁)ပိဿာလျှင် (၂၅၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သဘာဝအလျောက်ထွက်ရှိသည့် ရာသီစာ မှိုဉနက်များကိုရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
