
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိသည့်အပြင် သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုစွန်ဆိတ် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ပထမပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုစွန်ဆိတ် ဈေးနှုန်းအနေဖြင့် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၀၀၀)ကျပ်နှင့် ပုစွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၀၀၀)ကျပ်နှင့် ပုစွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာ လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း၊ ပုစွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုစွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ ပုစွန်ခြောက် အကြီး နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုစွန်ခြောက် အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ ပုစွန်ခြောက် အလတ် နို့ဆီ(၁)ဘူးလျှင်(၅၀၀၀) ကျပ် နှင့် ပုစွန်ခြောက် အသေး တစ်ပြည်လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း နှင့် ကျွန်းလှမြို့ သဖန်းဆိပ်ဆည်မှ ထွက်ရှိသည့် ရေချို ပုစွန်ဆိတ် နှင့် ပုစွန်ခြောက်သည် အကောင်သေးပြီး အရမ်းချိုကာ အသားကျစ်လစ်သည့်အတွက် လူကြိုက်များပြီး အရောင်းသွက်ကာ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
