Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရပြီး စက်တင်ဘာလ (၃၀) ရက်နေ့ မှ အောက်တိုဘာလ () ရက် နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးအဝင်များမှာ ပြင်ဦးလွင်မှ အာတာလွတ်ဥ တစ်ပိဿာ ကျပ် ၄၀၀၀၊ တောင်ကြီးမှ ထောပတ်သီး အိတ်ကြီးတစ်အိတ် ကျပ် ၃၀၀၀၀၊  တိုက်ကြီး မှ ကလောဥ တစ်ပိဿာ ကျပ် ၁၂၀၀၊ ပုပ္ပါးမှ ဩဇာသီး အလုံးကြီး ဂျပ်ဖာ ကျပ် ၂၅၀၀၀၊  မော်လမြိုင်မှ ကျွဲကောသီး ကျပ် ၆၀၀၀/၅၀၀၀/၂၀၀၀၊ မန္တလေးမှ သင်္ဘောသီး တစ်လုံး ကျပ် ၂၅၀၀/၆၀၀၀၊ ပုပ္ပါး၊ ပြင်ဦးလွင်မှ နဂါးမောက်သီး ဂျပ်ဖာ ကျပ် ၃၀၀၀၀/၂၀၀၀၀/၁၅၀၀၀၊  အောင်ပန်းမှ လိမ္မော်သီး တစ်ပိဿာ ကျပ် ၈၀၀၀၊  အင်းမ မှ ဖရဲသီး(211) အလုံးကြီး ကျပ် ၆၀၀၀/၅၀၀၀/၂၀၀၀၊  တိုက်ကြီး၊ မှ မာလာကာသီး အိတ်ကြီး တစ်အိတ် ၄၅၀၀၀/၁၀၀၀၀၀ ကျပ်ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀၊ ရှမ်းပြည်မှ ပန်းသီး တစ်သေတ္တာကျပ် ၈၅၀၀၀၊ တောင်ငူမှ ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀၀/ ၁၅၀၀၀/ ၁၀၀၀၀    ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင်တစ်ပတ် နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ သိရှိရပါသည်။

DOCA(ရန်ကုန်)