Main menu

ကျောက်ပန်းတောင်းမြို့နယ်၏ မန်ကျည်းမှည့်ဈေးကွက်အခြေအနေ

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် အနှံ့အပြားတွင် မန်ကျည်းပင်များသည် အလေ့ကျပေါက်ရောက်မှုများပြီး မန္တလေးတိုင်းဒေသကြီး မန်ကျည်းပင် အများဆုံးထွက်ရှိသော မြို့များမှာ ကျောက်ပန်းတောင်း၊ မိထ္တီလာ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့များဖြစ်ပြီး ကျောက်ပန်းတောင်းမြို့နယ်အတွင်း အဓိကထွက်ရှိသော ကျေးရွာများမှာ ပုပ္ပား၊ ဆုံကုန်း၊ မြောက်တော၊ ချိဝင်း၊ ပုပ္ပားလွင်၊ သံဘို၊ ဆည်ပေါက်၊ ညောင်ကန် ကျေးရွာတို့ ဖြစ်ပါသည်။ ပုပ္ပားကျေးရွာအုပ်စုမှထွက်ရှိသော မန်ကျည်းသီးမှာ အရည်အသွေးအကောင်းမွန်ဆုံး ဖြစ်ပါသည်။ မန်ကျည်းသီးမှည့်တွင် အကြောပါအစေ့ပါ၊  အကြောမပါ အစေ့ပါမန်ကျည်းသီးမှည့်နှင့် အကြာမပါအစေ့မပါ မန်ကျည်းအသားဖက်ဟူ၍ သုံးမျိုးရှိပြီး ဈေးကွက်အတွင်း အကြောမပါ အစေ့အပါ မန်ကျည်းအသားဖက်များကို လူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ပါသည်။ မန်ကျည်းသီးကို အကြော သင်ခြင်း၊ အစေ့ထုတ်ခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါ မန်ကျည်း သီးမှည့်ထက် အကြောမပါ အစေ့မပါ အသားဖက်မှာ ဈေးပိုခြင်းဖြစ်ပါသည်။

            ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် မန်ကျည်းသီးမှည့် အကြောမပါ အစေ့ပါ လက်ကားထိပ်စ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊အစေ့လွတ် (ပုပ္ပားစ)အသားဖတ်တစ်ပိဿာလျှင်(၈၃၀၀)ကျပ်၊ တောင်ဦးစ အစားဖတ်တစ်ပိဿာလျှင် (၇၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မန်ကျည်းသီး မှည့်အသားများကို မြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူထားရှိပြီး ပြန်လည်ရောင်းချကြကြောင်းသိရသည်။ အကြော်ဆိုင်၊ အကင်ဆိုင်များနှင့်မုန့်ပြားသလက်ဆိုင်များမှ မန်ကျည်းအချင်ရည်များများပြုလုပ်ရန် အတွက် ဝယ်ယူခြင်း၊ လုပ်ငန်းရှင်မန်ကျည်းပွဲစားကြီးများမှလည်း သိုလှောင်ရန် အများအပြားဝယ်ယူ သည့်အပြင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း ဒေသခံကုန်သည် တစ်ဦးထံမှ သိရသသည်။

DOCA (မန္တလေး)