Main menu

ဆေးဖက်ဝင်ပြည်ပန်းညို

Powered by Drupal

             ပြည်ပန်းညိုပင်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်ပြီး  အပင်အမြင့်မှာ (၁၀) မီတာအထိမြင့် ပါသည်။ တောက်ပသောအဝါရောင်အပွင့်များပွင့်ပြီး မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်ပြီး အထူး သဖြင့် အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများတွင်ပေါက်ရောက်တတ်ကြသည်။ အပူပိုင်းနှင့် သမပိုင်း ရာသီဉတုများတွင် အများဆုံးတွေ့ရတတ်သည်။ ပန်းခြံအလှပင်များအဖြစ်စိုက်ပျိုးကြပြီး အရွက်နှင့် မျိုးစေ့များကို တိုင်းရင်းဆေးများတွင် အသုံးပြုကြသည်။ ပြည်ပန်းညိုသည် ကျန်းမာရေးအတွက် များစွာအကျိုးပြုပြီး အထူးသဖြင့် တိုင်းရင်းဆေးများတွင်အသုံးပြုကြသည်။ ပြည်ပန်းညိုသည် ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိရှိသည့်အတွက် ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ အစာခြေလမ်းကြောင်းဆိုင်ရာ ကျန်းမာစေခြင်း၊ ဝမ်းမှန်စေခြင်း၊ အူလမ်းကြောင်းကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါ နှင့်သွေးတွင်းဖိအားကိုလည်းပုံမှန်ဖြစ်စေရန် ကူညီပေးခြင်းစသည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာရရှိစေနိုင်ပါသည်။ ပြည်ပန်းညိုသည် ဆေးဖက်ဝင်ရုံသာမက အရွက်နုလေးများကို အတို့အမြှုပ်အနေဖြင့်စားသုံးခြင်း၊ စွန်တာနီပဲဟင်းချို ထဲတွင်ထည့်ပြီး စားသုံးခြင်းများလည်း ရှိပါသည်။

DOCA (မန္တလေး)