Main menu

စပါးလင်စားလျှင်ရမည့် ကျန်းမာရေးအကျိုးကျေးဇူးများ

Powered by Drupal

         စပါးလင်ကို မြန်မာလူမျိုးများအကြိုက် မုန့်ဟင်းခါးထဲတွင်ထည့်ချက်ကြသလို ငါးဟင်း၊ အသားဟင်းများမှာပါ ထည့်၍ချက်ပြုတ်စားသောက်လေ့ရှိသည်။ အညှီအဟောက်နိုင်သလို ခံတွင်း လည်းရှင်းသည့် စပါးလင်သည် ဟင်းချက်ရာတွင်အသုံးဝင်ရုံသာမကဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာပေးပါသည်။ စပါးလင်တွင် ရေဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ဗီတာမင်စီ၊ သီရာမင်း၊ ရိုင်ဗိုဖလာပင်၊ နီကာဆင်၊ ဗီတာမင်ဘီ၊ ဖောလိတ်၊ ဗီတာမင်အေ နှင့် ဗီတာမင်ဒီတို့ ပါဝင်ပါသည်။ စပါးလင်ကိုပုံမှန်စားသုံးပေးပါက သွေးတွင်းအကျိုးမပြုသည့် ကိုလက် စထရောကိုကျစေပြီး သွေးကြောထဲတွင်အဆီများစုပုံမှုမရှိအောင် ကာကွယ်ပေးပါသည်။ အသည်း၊ ကျောက်ကပ်တို့မှ အဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ယူရစ်အက်ဆစ်ကိုလျော့ကျစေနိုင် ပါသည်။ ဆီးရွှင်ပြီးအစာချေနစ်ကိုလည်း ကျန်းမာစေနိုင်ပါသည်။ ဆီထရယ်ဓာတုဒြပ်ပေါင်း ပါဝင်သောကြောင့် အရေပြားကင်ဆာအပါအဝင် ကင်ဆာရောဂါများကိုလည်း တိုက်ဖျတ်ပေး နိုင်ပါသည်။ ဘတ်တီးရီးယား များကိုတိုက်ဖျတ်နိုင်သော အာနိသင်ရှိသောကြောင့် အစာအိမ်အနာရှိ သူများအနေဖြင့်စားသုံးပေးနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။ ကြွက်သားများကို ပြေလျော့စေပြီး ညဘက် တွင်ကောင်းကောင်းအိပ်ပျော်စေနိုင်သည့်အပြင် အအေးမိချောင်းဆိုးခြင်းများကိုလည်း သက်သာစေနိုင် ပါသည်။ ဗီတာမင်စီပါဝင်သောကြောင့် နှာစေး၊နှာပိတ်၊ တုပ်ကွေးနှင့်အခြားအသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများမှလည်း ကာကွယ် ပေးပါသည်။ စပါးလင်သည်ချွေးထွက်စေသော အာနိသင်ရှိသော ကြောင့်ဖျားနာနေသူများအနေဖြင့်လည်း အသုံးဝင်ပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် မှိုပိုးများ၊ ဘက်တီးရီးယားပိုး များကူးစက်ခံရမှုမှကာကွယ်ပေးနိုင်ပါသည်။ ခေါင်းကိုက်ခြင်းအပါအဝင် ကြွက်သား၊ အဆစ်အမြစ် နာကျင်ခြင်းများကို သက်သာစေနိုင်သည့်အပြင် အာရုံကြောစနစ် ကိုကျန်းမာ စေပြီးအရေပြားပြဿာ နာများနှင့် အဝလွန်ခြင်းမှလည်းကာကွယ်ပေးနိုင်သည့်အတွက် စပါးလင်ကို စားသုံးပေးသင့်ပါသည်။  စပါးလင်ကိုစားသုံးရာတွင် သွေးတွင်းကိုလက်စထရော ကျတတ်သူများအနေ ဖြင့်သတိထားစားသုံးသင့်ပါကြောင်း စုစည်းရေးသားတင်ပြလိုက်ရပါသည်။ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာပျံကျဈေးတွငစပါးလင်ဈေးနှုန်းမှာ တစ်စည်း (၅၀၀)ကျပ်၊(၁၀)စည်း(၃၅၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။

DOCA (မန္တလေး)