
ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာခွဲပေါင်း(၃၃၉)ရွာရှိသည့်အနက်မှ စပေါင်းကုန်း ကျေးရွာသည် ပွင့်လင်းရာသီ၌ မြေထည်လုပ်ငန်းများကို လုပ်ကိုင်လေ့ရှိသော ကျေးရွာတစ်ရွာ ဖြစ်ပါ သည်။ မြေထည်လုပ်ငန်းမှ ထွက်ရှိသောပစ္စည်းများမှာ ရေအိုး၊ အတာသင်္ကြန်အိုး၊ ဆားအိုး၊ ဟင်းအိုး ပြင်ခွက်ဝင်အိုး၊ ဟင်းအိုးပြင်ပြည်ဝင်အိုး၊ ကောက်ညှင်းပေါင်းအိုး၊ ထန်းရည်မြူအိုး၊ ဘုရားပန်းအိုး တို့အားပြုလုပ်ရောင်းချလျက်ရှိပါသည်။ ကျောက်ပန်းတောင်းမြို့မှတစ်ဆင့် ချောက်မြို့နယ် ဂွေးချို၊ ဂွေးပင်၊ ထိန်စမ်း၊ ကန်ရေကြီး၊ ကန်ရေလေးသို့လည်းကောင်း၊ စလေမြို့သို့လည်းကောင်း၊ နတ်မောက် မြို့နယ်နှင့်တောင်တွင်းကြီး မြို့နယ်များသို့လည်းကောင်း တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။ မုန့်ပြားသလက်အိုးခင်းနှင့်ဟင်းအိုးပြင်ခွက်ဝင်အိုးများသည် လက္ကားအနေဖြင့်(၂၀၀၀)ကျပ်၊ လက်လီ အနေဖြင့်(၂၅၀၀)ကျပ်၊ ကောက်ညှင်းပေါင်းအိုးနှင့်ဟင်းအိုးပြင်ပြည်ဝင်အိုးများသည် လက္ကားဈေးအနေ ဖြင့်(၃၀၀၀)ကျပ်၊ လက်လီအနေဖြင့်(၃၅၀၀)ကျပ်၊ ဆားအိုးနှင့်ဘုရားပန်းအိုးအလတ်များသည် လက္ကား အနေဖြင့်(၁၂၀၀)ကျပ်၊လက်လီအနေဖြင့်(၁၅၀၀)ကျပ်၊သောက်ရေအိုးတစ်လုံးလျှင်လက္ကား (၆၀၀၀)ကျပ် နှင့် လက်လီ(၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။
DOCA (မန္တလေး)
