တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ ဈေးများတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ် အဖြစ်လည်းကောင်း၊ ပုစွန်ကိုအချဉ်သိပ်၍ ပုစွန်ချဉ်အဖြစ်လည်းကောင်းပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရသည်။ ပုစွန်ချဉ်ပြုလုပ်ရာအသုံးပြုသော ပုစွန်များကို ကမ်းနားဈေးမှ ဝယ်ယူကြပြီး ပုစွန်ချဉ်(၁၀)သား တစ်ထုပ်လျှင်(၁၀၀၀)ကျပ်ရှိကြောင်း၊ ပုစွန်ချဉ်များကို ကြော်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်းစားသုံးကြသဖြင့်အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပုစွန်ချဉ်ရောင်းဝယ် သူများထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
