
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အရံ မီးသပ်တပ်ဖွဲ့၊ မြန်မာ့ရေနံထွက်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့သည် (၃.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင် ၅ဆိုင်နှင့် Denko စက်သုံး ဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မအူပင်မြို့ရှောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသော Denko စက်သုံးဆီအရောင်းဆိုင်သို့ စက်သုံးဆီရောင်းချမှု (၄)မျိုးကို စစ်ဆေးခဲ့ပြီး ရောင်းချသောဈေးနှုန်းမှာလည်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုကို စစ်ဆေးခြင်း၊ စက်သုံးဆီများရောနှောရောင်းချမှုရှိ/ မရှိစစ်ဆေးခြင်း၊ နေ့စဉ် ဆီဘောက်ဆာကားအဝင်များနှင့် စက်သုံးဆီပြတ်လပ်မှုများကိုလည်း သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း လိုက်နာလျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)
