Main menu

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိရောင်းအားကောင်းသောစက်သနပ်ခါးဈေးကွက်

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေ ကြသော သနပ်ခါးပင်များကို တနင်္သာရီမြို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခု ဖြစ်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါး သည် ကျန်းမာရေးနှင့် အလှအပတို့အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ် ခုဖြစ်ပြီး၊ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီးတွင် ရောင်းချနေသော နန်းမြင့်မိုရ်ဆိုင်တွင် တောင်တန်ကြီးသနပ်ခါးတုံးများ၊ ကရမက်သနပ်ခါး၊ စက်သနပ်ခါးများနှင့် အခြားသောသနပ် ခါးများကို  လက်လီ/လက်ကား ဝယ်ယူရောင်း ချလျက်ရှိပြီး နန်းမြင့်မိုရ်အသင့်လိမ်းစက်သနပ် ခါးမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ရှိပြီး တောင်တန်ကြီးသနပ်ခါးတုံးမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ရှိကြောင်း နန်းမြင့်မိုရ် ပင်ရင်းဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)