
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့ဂျာဗားရှိ Argopuro တောင်တန်းမှ Arabica ကော်ဖီ ၁၅ တန်ကို အောက်တိုဘာ ၇ ရက်နေ့က ပို့ဆောင်ခဲ့ပြီး ၄င်းတို့၏ ကော်ဖီဈေးကွက်ကို တိုးချဲ့ခဲ့ ပါသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ဝန်ကြီးဌာန၏ စီးပွားရေး ဆိုင်ရာ ဒုတိယအရာရှိ Bagus Rachman က အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကော်ဖီ ထုတ်လုပ်သူများထဲမှ တစ်ခုဖြစ်ပြီး စိုက်ခင်းများ၏ ၉၀ ရာခိုင်နှုန်းကျော်ကို အသေး စား လယ်သမားများက ထိန်းချုပ်ထားပါသည်။
Argopuro တောင်တန်းမှ ကော်ဖီတင်ပို့မှုသည် MSMEs များ၏ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိင်နိုင်စွမ်းရှိခြင်းကို ဖော်ပြနေပါသည်။ အင်ဒိုနီးရှား၏ ကော်ဖီတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ကီလိုဂရမ် ၂၇၉.၉၄ သန်းမှ ၂၀၂၄ ခုနှစ်တွင် ကီလိုဂရမ် ၃၁၆.၇၂ သန်းအထိ တိုးလာခဲ့ကြောင်း Statistics Indonesia ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)
