Main menu

မြင်းခြံဈေးကွက်၌ဈေးနှုန်းကျဆင်းလာသောဂေါ်ရခါးသီး

Powered by Drupal

         မြင်းခြံမြို့နယ်အတွင်း ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးဖြစ်ထွန်းမှုမရှိသော ဟင်းသီးဟင်းရွက် နှင့် သစ်သီးဝလံများကို ပြည်သူများစားသုံးရန်အတွက် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊  ယခု၂၀၂၅ခုနှစ်၊ စက်တင်ဘာလနောက် ဆုံးပတ်တွင် အေးမြသီတာဈေး၌ ရောင်းချနေသော ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်၊ (၁၀)လုံးလျှင် (၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်တတိယပတ် တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ (၁၀)လုံးလျှင် (၂၀၀၀) ကျပ်ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဂေါ်ရခါးသီးတစ်လုံးလျှင် (၅၀) ကျပ်၊ (၁၀)လုံးလျှင် (၅၀၀)ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊  အလုံးအကြီးအသေးနှင့် အရည် အသွေးပေါ်မှုတည်ပြီး ဈေးနှုန်းများကွာခြားကြောင်း၊ ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းမှုမရှိသော သီးနှံဖြစ်သောကြောင့် ရာသီပေါ်ဂေါ်ရခါးသီး သီးနှံသည်စားသုံးမှုများပြား၍ အရောင်းအဝယ် ကောင်းကြောင်း၊ လက်လီ၊လက်ကား ရောင်းချမှုအနေဖြင့်နေ့စဉ်အလုံး အရေအတွက် (၃၀၀-၅၀၀) လုံးခန့် ရောင်းကုန်ကြောင်း ကုန်စိမ်းရောင်း ချသူ၏ပြောပြချက် အရသိရှိရသည်။

DOCA (မန္တလေး)