Main menu

ပြည်မတ်ပဲသီးနှံ ဈေးလျော့နည်းအရောင်းအဝယ်ဖြစ်

Powered by Drupal

     ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင်  မတ်ပဲသီးနှံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပိဿာ(၂၀)တစ်တင်းလျှင် (၆)သောင်းကျပ်အောက်အထိ ဈေးလျော့သွားခဲ့ပါသည်။ အဝင်နည်းသော်လည်း လက်ကျန်ပဲများရှိခဲ့၍ ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်လက မတ်ပဲသီးနှံဈေးနှုန်းများ တစ်တင်းလျှင် ကျပ် (၇)သောင်းနီးပါးအထိ မြင့်တက်ခဲ့သော်လည်း လှောင်ပဲသမားအချို့က ထုတ်ရောင်းချမှုမရှိဘဲ ဈေးဆက်လက် မြင့်တက်မလားမျှော်လင့်ကာ ဆက်လက်သိုလှောင်ထားခဲ့ကြသည် ကိုတွေ့ရှိရပါသည်။ ယခင်နှစ်ကလည်း အောက်တိုဘာလဆန်းရက်တွင် ပိဿာချိန် ၂၀တစ်တင်းလျှင် ကျပ် (၆)သောင်းမှ လလယ်မှစ၍ ပဲဈေးနှုန်းတစ်ဖြည်းဖြည်းလျော့လာသောကြောင့် တစ်တင်းကျပ် (၅)သောင်းအောက်အထိ လျော့နည်းသွားခဲ့ပါသည် ။  ဒါကြောင့် ယခုနှစ်ပဲဈေးနှုန်း လျော့ကျသွားသည် ဆိုသော်လည်း ယခင်နှစ်က မတ်ပဲသီးနှံဈေးထက်တော့ ဈေးပိုရလျက်ရှိခဲ့ပါသည်။ ယခုနှစ် ပဲဈေးနှုန်းသည် ငွေလဲလှယ်ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ဈေးပြောင်းလဲကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)