Main menu

ပြည်ဩဇာသီးဈေး အနည်းငယ်တက်လာ

Powered by Drupal

     ပြည်ဈေးကွက်တွင် ဩဇာသီးများ အောက်တိုဘာလဆန်းတွင် ရောင်းအားသွက်လျက်ရှိပါသည်။ တော်သလင်းလဆန်းပိုင်းတွင် ဩဇာသီးများစတင်ထွက်ပေါ်လာပြီး အောက်တိုဘာလတွင် အထွက်နည်းသွားသော်လည်း ဝါကျွတ်ကာလ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲများတွင် ဆက် ကပ်လှူဒါန်းရန်အတွက်နှင့် အိမ်ပြန်လက်ဆောင်များအဖြစ် ဝယ်ယူကြသဖြင့် ဩဇာသီးဈေးများမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ဩဇာသီးဈေးများမှာ အလုံးအကြီး အသေးအလိုက် ၃၀၀ ကျပ်မှ ၅၀၀ကျပ်အထိ ရောင်းချလျက်ရှိပါသည်။ ဩဇာခြံများရှိသော မှော်ဇာ၊ ဆင်တဲ၊ ရွှေဘုံသာဘက်မှ ပြည်ဈေးကွက်သို့လာရောက်ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)