Main menu

ဘားအံမြို့ပေါ်ရှိခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဆောင်းအကူးကာလ အောက်တိုဘာတတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက်နှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိနေကြောင်း သိရ သည်။

          ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီး ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးဈေးနှုန် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ တတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်ကျရခြင်း   မှာ ဒေသထွက်ခရမ်းချဉ်သီးနှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများအဝင်များလာခြင်း တို့ကြောင့်ဖြစ် ကြောင်း သိရသည်။

DOCA(ကရင်)