
၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဆောင်းသခွားသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။
ဘားအံမြို့၊ အနီးတစ်ဝိုက်ကျေးရွာများတွင် ဆောင်းသခွားသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိူး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြောင်းနှင့် ဒေသထွက်ဆောင်းသခွားသီးများအား ဘားအံမြို့ရှိ ရေပေါ်ဈေးကို အခြေခံ၍ လက်လီ/လက်ကား ဖြန့်ဖြူးလျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၃၀၀၀၊ ၂၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ယခုနှစ်တွင် နယ်မြေဒသလမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် တစ်ဖက်ထိုင်းနိုင် ငံမှ သခွားသီးဝင်ရောက်လာမှုနည်းပါးကာ ဒေသထွက် မိုးသခွားသီးများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)
