Main menu

စျေးအနည်းငယ်တက်သည့်ကညွတ်

Powered by Drupal

             ကုန်စိမ်းစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကညွှတ် ကုန်စိမ်းများ ဝင်ရောက်မှုနည်းသည့် အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ကညွတ်မှာကျန်းမာရေးအစားအစာ အဖြစ်စားသုံးလျက်ရှိပြီး၊ထမင်းမြိန်သည့်အစားအစာအဖြစ်စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ကုန်စိမ်းများ ဝင် ရောက်မှုများပြားလျက်ရှိပါသည်။မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိကုန်စိမ်း စျေးကွက် တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ကညွတ်စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၁၂၀၀၀ ကျပ် နှင့် ၁၄၀၀၀ ကျပ်၊လက်လီစျေး၁၅၀၀၀ကျပ်နှင့် ၁၇၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)