
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ မြတ်လေးပန်း(၁)ကုံးလျှင် (၁၀၀) ကျပ်၊ မြတ်လေးပန်း(၆)ကုံးလျှင် (၅၀၀)ကျပ်၊ ဇွန်ပန်း(၁)ကုံးလျှင် (၃၅၀)ကျပ်၊ ဇွန်ပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၆)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်း ကောင်း၊ အမျိုးသမီးများအလှပန်ရန် အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝ ပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)
