
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၃၀၅၀၀၀ ကျပ်၊ပဲထောပတ် (ကြီး)၂၉၅၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ပဲထောပတ်(သေး) ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထော ပတ်(ဂေါက်)၅၄၂၂ကျပ်၊ပဲထောပတ် (ကြီး) ၅၂၄၄ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ်(သေး) ၃၂၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။
DOCA (မန္တလေး)
