
မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး နှင့်ရှမ်းပြည်နယ် တို့မှ သံပုရာသီးနှင့် သံပုယိုသီးများ မိုးနှောင်းရာသီအချိန်တွင် ဝင်ရောက်မှုများပြားလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တို ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ သံပုရာသီး ၁၀ လုံး လျှင် ၁၂၀၀ ကျပ်နှင့် ၁၅၀၀ကျပ်၊သံပုယိုသီး ၁၀ လုံးလျှင် ၈၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်စျေး တို့ ဖြစ်ပေါ်လျက်ရှိပြီး၊ အလုံးအရွယ်အစားပေါ်မူတည်၍ စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါ သည်။ မိုးနှောင်းရာသီအချိန်ဖြစ်၍ သံပုရာသီးနှင့် သံပုယိုသီးမှာ ဝင်ရောက်မှုများပြားသည့်အတွက် စျေးအနည်းငယ်လျော့ကျသွားကြောင်း သိရှိရပါ သည်။
DOCA(မန္တလေး)
