Main menu

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းသီးဈေးကွက်

Powered by Drupal

   ထန်းသီးကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ် ဘုရားကြီးတန်းလမ်းမတွင် အရောင်းသွက်လျက်ရှိပါသည်။ ကျန်းမာရေးအတွက်များစွာအထောက် အကူဖြစ်စေပါသည်။ ထန်းသီး၏ ဆိုးကျိုးမှာ ဌက်ပျောသီးနှင့် စားသုံးရန်မသင့်တော်သော အသီး တစ်မျိုးဖြစ်သည်။ မိတ်ရောဂါပေါ်တွင် ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့် မိတ်ရောဂါကို သက်သာ စေပါသည်။ တပို့တွဲလနှင့် တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလတွင် ကွဲချိန်ဖြစ်သည်ဟု သိရှိရပါသည်။ ထန်သီးတစ်လုံလျှင် ထန်းသီးဆံကို ၃ခုမှ ၄ခု အထိပါရှိပြီး အရည်ရွှမ်း၍ ချိုမွှေးသော အရသာရှိပါသည်။

   ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်တွင် အများအပြား ရောင်းချ နေသော ထန်းသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)