Main menu

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိကွမ်းရွက်စျေးနှုန်း အနည်းငယ်မြင့်တက်လာ

Powered by Drupal

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကွမ်းရွက်စိုက်ပျိုးသူများ များပြား ကြောင်းသိရှိရပါသည်။ ကွမ်းရွက်သည် ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည့်အပြင် မြန်မာလူမျိုးများ အများဆုံးစားသုံးကြသည့် ကွမ်းယာတွင်မပါမဖြစ်သော အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်သည်။ မိုးကာလတွင် အများဆုံးစိုက်ပျိုးကြပြီး မိုးနှင့်ဆောင်းကာလ များတွင် ဈေးကောင်း ရရှိကြောင်း သိရှိရပါသည်။ ယခုအောင်တိုဘာလတွင် ကွမ်းရွက်စျေးနှုန်းအနည်းငယ်မြင့်တက်လာပြီး စျေးကောင်း ရရှိလျက်ရှိကြောင်းသိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော လက်ကား ကွမ်းရွက်အကြီး တစ်စည်းလျှင် (၁၂၀၀) ကျပ်ရှိပြီး ကွမ်းရွက်အငယ်တစ်စည်းလျှင် (၆၀၀)ကျပ် ဖြစ်ကြောင်း ယခင်က ကွမ်းရွက်အကြီးတစ်စည်းလျှင် (၈၀၀)ကျပ်ခန့်ရှိကြောင်း၊ လက်လီဈေး ကွမ်းရွက် အကြီးတစ်စည်းလျှင် (၁၅၀၀)ကျပ်ရှိပြီး အငယ်တစ်စည်းလျှင် (၈၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)