Main menu

ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက် သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ တတိယပတ်တွင် မုံရွာမြို့၊  ကျောက္ကာလမ်းဘေး တစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းမှာ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ မင်းကွက်သီးအသေး (၁) လုံးလျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီးအကြီး (၁)လုံးလျှင် (၁၆၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့် အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)