Main menu

ဧရာဝတီတိုင်းဒေသကြီးအတွင်းတိုးချဲ့မွေးမြူလာသည့် အဖိုးတန်ငှက်သိုက်ဈေးကွက်

Powered by Drupal

        ဧရာဝတီတိုင်ဒေသကြီးအတွင်း ပင်လယ်ကမ်းခြေဒေသများဖြစ်သော ငွေဆောင်ပင်လယ် ကမ်းခြေဒေသများတွင် သဘာဝအလျောက်နေထိုင်ပြီး အများဆုံးတွေ့ရှိရသည့် ဇီဝဇိုးငှက်များမှ အသိုက်ကိုအန်ဖတ်ဖြင့် ပြုလုပ်၍ ဥ ဥကာ ငှက်ပေါက်ကလေးများအတောင်အလက်စုံပြီး အသိုက်ကိုစွန့်ခွာသွားချိန် ၎င်းအသိုက်ကို ခွာယူ၍ လူသားတို့ကျန်းမာရေးအတွက် ခွန်အားဖြည့် ဖြည့်စွက်စာအဖြစ် ငှက်သိုက်ကုန်ချောပြုလုပ်ကာ ဈေးကွက်တွင် ရောင်းချလျှက်ရှိကြောင်း သိရသည်။

          ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသများတွင် ဇီဝဇိုး ငှက်မွေးမြူသူလုပ်ငန်းရှင် (၁၄) ဦးရှိပြီး ယခုအခါဖျာပုံမြို့နယ် ၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာတွင်လည်း ၁၀၂၃ ခုနှစ်မှစ၍ ယခုအချိန်အထိ ဇီဝဇိုးငှက်မွေးမြူသူ (၂၀) ဦးခန့် တိုးချဲ့မွေးမြူလျှက်ရှိကြောင်းသိရပါသည်။

          ငှက်သိုက်သည် ပရိုတင်းဓာတ်ကြွယ်ဝ၍ အဟာရဓာတ်များစွာ ပါဝင်ပြီး သက်ကြီးရွယ် အိုများ နာတာရှည်ရောဂါရှိသူများ ၊လူမမာများ၊ အားကစားသမားများ ၊ အားအင်ကုန်ခမ်း နေသူများ၊ သွေးတိုးရောဂါ၊ဆီချိုရောဂါနှင့် အဆုတ်လူမမာများ အတွက် ကိုယ်ခံအားစနစ် အထူးကောင်းမွန်စေပါသည်။ ငှက်သိုက်ကုန်ချောများကို ပြည်တွင်းသုံးစွဲလျှက်ရှိသလို ပြည်ပ နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျှက်ရှိသည့်အတွင်း တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် တဖက်တလမ်းမှပါဝင်လျက်ရှိကြောင်းရေးသားလိုက်ရပါသည်။

DOCA(ဧရာဝတီ)