Main menu

နယူးဇီလန်နှင့် စင်္ကာပူနိုင်ငံတို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်

Powered by Drupal

            နယူးဇီလန်နှင့် စင်္ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး (CSP) ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်ခဲ့သည်။ နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နှင့် စင်္ကာပူဝန်ကြီးချုပ် Lawrence Wong တို့ ပူးပေါင်း၍ Auckland ၌ အဆိုပါ သဘောတူညီချက်ကို ကြေညာခဲ့သည်။ CSP သည် ကုန်သွယ်မှုနှင့် စီးပွားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှု၊ လူအချင်းချင်းချိတ်ဆက်မှု၊ ရာသီဥတုနှင့် စိမ်းလန်းသောစီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက်များနှင့် ချိတ်ဆက်မှုတို့တွင် ပိုမိုလေးနက်သော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးမည်ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် နယူးဇီလန်နိုင်ငံ၏ အရင်းနှီးဆုံးမိတ်ဖက်နိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံငယ်များအနေဖြင့် ကုန်သွယ်မှုကို ပွင့်လင်းမြင်သာစေရန်၊ လုံခြုံရေးနှင့် စည်းမျဥ်းစည်းကမ်းများကို ခုခံကာကွယ်ရန် အရေးကြီးကြောင်း Luxon က အစိုးရထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့ပြီး မူဘောင်အသစ်သည် အလုပ်အကိုင်နှင့် ဝင်ငွေများ မြှင့်တင်ရန်နှင့် နယူးဇီလန်နှင့် စင်္ကာပူနိုင်ငံတို့မှ လုပ်ငန်းများကို အာရှသို့ချဲ့ထွင်ရန် ကူညီပေးရန်အတွက်လည်း ပံ့ပိုးပေးထားကြောင်းသိရသည်။ CSP မှတဆင့်၊ ထောက်ပံ့ရေးကွင်း ဆက်ခံနိုင်ရည်ရှိမှုနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုမှသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေကြောင်းလုံခြုံရေးအထိ မျိုးဆက်သစ်စိန်ခေါ်မှုများကို အတူတကွ ကိုင်တွယ်ဖြေရှင်းသွားရန် ကတိပြုထားကြောင်း Luxon မှ ပြောကြားခဲ့သည်။ အကျပ်အတည်းကာလတွင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ရွေ့လျားနိုင်စေရန်အတွက် နှစ်ဖက်စလုံးသည် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ ပထမဦးစွာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)