Main menu

မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပထမ ၉ လအတွင်း ၅ ရာခိုင်နှုန်း ကျဆင်း

Powered by Drupal

          မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု လည်ပတ်မှုသည် ၂၀၂၅ ခုနှစ် ပထမ ၉ လ အတွင်း အမေရကန်ဒေါ်လာ ၁၉.၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

          အဆိုပါကာလအတွင်း ပို့ကုန်များမှာ ၉.၁ ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာ ၁၀.၇ ဘီလီယံ ရှိခဲ့ပါသည်။ သွင်းကုန်များမှာ ၀.၉ ရာခိုင်နှုန်း ကျဆင်းပြီး ဒေါ်လာ ၈.၅ ဘီလီယံ ရှိပါသည်။ ပို့ကုန်များ ကျဆင်းရခြင်းမှာ ကျောက်မီးသွေး၊ ရေနံစိမ်း၊ သိုးသား၊ ဆိပ်သား၊ သန့်စင်ပြီး ကက်ရှ်မီးယား  စသည့်ပစ္စည်းများ ထောက်ပံ့မှုလျော့နည်းခြင်းကြောင့် ဖြစ်ပါသည်။

          ပင်လယ်ထွက်ပေါက်မရှိသော ထိုနိုင်ငံသည် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံပေါင်း ၁၆၀ ဖြင့် ကုန်သွယ်မှုပြုခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA (ရန်ကုန်)