Main menu

ပခုက္ကူမြို့မဈေး၌ အရောင်းအဝယ်သွက်နေသော ခေါက်ဆွဲခြောက်ထုပ် ဈေးနှုန်းဈေးကွက်

Powered by Drupal

 

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချ လျက်ရှိသော အရောင်းဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက် လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူ မြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်း သင့်တင့်မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှု များကြောင်း သိရှိရသည်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင် နှစ်မျိုးရှိကြောင်း၊ ရောင်း ချရာတွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုးခွဲခြားပြီး ရောင်းချကြောင်း၊ “ရွှေဒင်္ဂါး “ အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ တစ်ထုပ်လျှင် ကျပ် (၂၁၅၀၀)၊ ခေါက်ဆွဲကျိုးစက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲခြောက် (၅၀)ကျပ်သား ပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ် (၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၃၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၁၁၅၀၀၀)၊ (၂)စီးတွဲ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၉၀၀၀၀)၊ “စွမ်းထက်”ခေါက်ဆွဲ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)နှုန်းဖြင့်  အရောင်းအဝယ် သွက်နေကြောင်း၊ ယခုအချိန် သီတင်းကျွတ်ကာလရာသီချိန် ဖြစ်၍ အရောင်းအဝယ် သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများလျက်ရှိကြောင်း  ခေါက်ဆွဲခြောက် ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)