
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေးအတွင်း၌ မုန့်ပဲသရေစာ အစားအစာတစ်ခု ဖြစ်သည့် မုန့်ဩဇာ(မုန့်ပဲချောင်း)များကို မြို့ပေါ်ရှိ မြန်မာ့အစားအစာ မုန့်မျိုးစုံလုပ်ငန်း လက်ကား ဖြန့်ဖြူးရောင်းချသူများထံမှ ဝယ်ယူ၍ လက်လီ ပြန်လည် ရောင်းချကြကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(ဒုတိယပတ်)တွင် ရောင်းချနေသော ဈေးနှုန်းများမှာ မုန့်ဩဇာ (မုန့်ပဲချောင်း) တစ်ပိဿာလျှင် လက်လီဈေး ကျပ်(၁၆၀၀၀)၊ လက်ကားဈေး ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချပြီး တစ်နေ့လျှင် ပိဿာချိန်(၂၀/၂၅)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ သီတင်းကျွတ် ရာသီချိန် ဖြစ်၍ ပခုက္ကူမြို့ပေါ်နှင့် မြိုင်၊ ရေစကြိုနယ်များရှိ စားသုံးသူများမှပို၍ ဝယ်ယူကြပြီး ယခင်ကထက် စားသုံးမှု ပိုမိုများပြားလာခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မုန့်ဩဇာ (မုန့်ပဲချောင်း) ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
