Main menu

အိန္ဒိယနိုင်ငံ၏ အထည်အလိပ်တင်ပို့သူများသည် အမေရိကန်၏ အခွန်စည်းကြပ်မှုကို ကာမိစေရန် EU ဈေးကွက်သို့ ဝင်ရောက်လာ

Powered by Drupal

            အိန္ဒိယနိုင်ငံ၏ အထည်အလိပ်တင်ပို့သူများသည် အမေရိကန်နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားသော အခွန်နှုန်းထားများကြောင့် ထိခိုက်မှုမှ ကာကွယ်ရန် ဥရောပတွင် ဝယ်သူအသစ်များ ရှာဖွေပြီး လက်ရှိ အမေရိကန်ဖောက်သည်များကို လျှော့ဈေးများ ပေးနေကြောင်း စက်မှုလုပ်ငန်း အမှုဆောင်များက ပြောကြားခဲ့ပါသည်။

          အိန္ဒိယနှင့် EU တို့အကြားကုန်သွယ်ရေးဆွေးနွေးပွဲများသည် အဆုံးအဖြတ်ပေးနိုင်သော အဆင့်သို့‌ရောက်ရှိလာပြီး ၎င်းတို့သည် လွတ်လုပ်သောကုန်သွယ်ရေး သသောတူညီချက်စာချုပ် တစ်ခု လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေကြပါသည်။ EU သည် အိန္ဒိယ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်တွင် ကုန်ပစ္စည်းအဝင်အထွက် စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၃၇.၅ ဘီလီယံ ရှိခဲ့ပြီး ဆယ်စုနှစ်အတွင် ၉၀ ရာခိုင်နှုန်း နီးပါး တိုးတက်လာခဲ့ပါသည်။

          အမေရိကန်ပြည်ထောင်စုသည် ၂၀၂၅ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယ အကြီးဆုံးအထည်အလိပ်အဝတ်အထည်ဈေးကွက်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၂၉ ရာခိုင်နှုန်း နီးပါးတင်ပို့မှုကို သိမ်းပိုက်ထားကာ ဒေါ်လာ ၃၈ ဘီလီယံခန့်ရှိကြောင်း သိရှိရပါသည်                                       

    DOCA (ရန်ကုန်)