Main menu

သထုံခရိုင်၏ ဆန်စပါးစျေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

Powered by Drupal

    သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် အောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်း ဒေသကြီး နှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့  (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇) တန် စီးထွက်ခဲ့ပါသည်။ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် မော်လမြိုင်သို့ (၂၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀) အိတ်ခန့်၊ စုစုပေါင်း (၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၀၇)တန်ခန့် စီးထွက်ခဲ့ပြီး ပထမအပတ်နှင့် နှိုင်းယှဥ်ပါက ပုံမှန်အတိုင်း စီးထွက်ခဲ့ပါသည်။

    သထုံခရိုင်အတွင်းသို့ စက်တင်ဘာလ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊  ပဲခူးတိုင်းဒေသကြီးမှ (၁၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၇၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၈) တန်ခန့်စီးဝင်ခဲ့ပြီး ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ (၁၇၀၀) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၈၀၀) အိတ်ခန့်၊ စုစုပေါင်း (၃၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၇၅) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဥ်ပါက အနည်းငယ် လျော့ စီးဝင်ခဲ့ပါသည်။

     သထုံခရိုင်အတွင်း၌ ယခုအောက်တိုဘာလ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်စျေးနှုန်းများ မှာ စပါးတင်း (၁၀၀) လျှင် ဒေသပေါက်စျေး ကျားပျံဟိုတယ် (၂၇၀၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ    (၂၄၅၀၀၀၀ိ/-)ခန့်၊ ကမာကြည် (၁၀၀၀၀၀ိ/-) ခန့်၊ ဧည့်မထ (၁၂၅၀၀၀၀ိ/-) ခန့်နှင့် (၂၄) ပြည် ဝင်ဆန် တစ်အိတ်လျှင် ကျားပျံဟိုတယ် (၁၁၀၀၀၀ိ/-) ခန့်၊ ပေါ်ဆန်းဝါ (၁၁၀၀၀၀ိ/-) ခန့်၊   ကမာကြည် (၆၉၀၀၀ိ/-) ခန့်၊ ဧည့်မထ (၅၀၀၀၀ိ/-) ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ ဆန် စျေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)